Burmese - မြန်မာ

မြန်မာဘာသာဖြင့် ကားအမောင်း စစ်ဆေးခြင်း အချက်အလက်များ

myVicRoads အကောင့်ဖြင့် အွန်လိုင်း ပိုမိုလုပ်ဆောင်ပါ။

ယာဥ်မှတ်ပုံတင်ကြေးပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ သင့် မော်တော်ယာဥ်နှင့်ဆိုင်သည့် အချက်အလက်များအားလုံး ဝင်ကြည့််ခြင်း သို့မဟုတ် သင့် ကိုယ်ရေးအချက်အလက်များကို ပြင်ဆင်ပေးခြင်းတို့ကို အွန်လိုင်းဖြင့်လုပ်ရန် အမြန်ဆုံးနည်းမှာ myVicRoads အကောင့်မှတဆင့် ပြုလုပ်ခြင်းဖြစ်သည်။ အကောင့်ဖွင့်ခြင်းသည် အခမဲ့ဖြစ်သည်။

myVicRoads အကောင့် တစ်ခုဖွင့်ပါ။

သင်၏ရက်ချိန်းသို့ ယူဆောင်လာရန် လိုအပ်သည့်အရာများ

သင်၏ ယာဥ်အမောင်းသင်လိုင်စင် (Learner Permit) စာမေးပွဲ၊ ဘေးအန္တရာယ်သိမြင်မှု စစ်ဆေးသည့် စာမေးပွဲ သို့မဟုတ် ယာဥ်အမောင်းစစ်ဆေးသည့် စာမေးပွဲအတွက် သုံးစွဲသူဝန်ဆောင်ဌာန (Customer Service Centre) သို့ ယူဆောင်လာရန် လိုအပ်သည့်အရာများနှင့် ပတ်သက်၍အချက်အလက်များကို ဤစာမျက်နှာတွင် သင်တွေ့ရှိပါမည်။

စကားပြန် သို့မဟုတ် ဘာသာပြန်ဆိုသူကို အသုံးပြုခြင်း

အင်္ဂလိပ်စကားမဟုတ်သည့် အခြားဘာသာစကားဖြင့် သင် ကျွန်ုပ်တို့နှင့် စကားပြောဆိုရန်လိုအပ်လျှင် အကူအညီအတွက် စကားပြန် သို့မဟုတ် ဘာသာပြန်ဆိုသူတစ်ဦးကို သင်ခေါ်နိုင်သည်။

ကျွန်ုပ်စကားပြန်တစ်ဉီးကို မည်သို့ အသုံးပြုနိုင်သနည်း။

ရက်ချိန်းတောင်းခြင်း သို့မဟုတ် ပုံစံဖြည့်ခြင်းအတွက် အကူအညီလိုအပ်လျှင် သင့်အနေဖြင့် သင်၏မိသားစု၊ မိတ်ဆွေများ သို့မဟုတ် VicRoads ရုံးမှ အကူအညီရယူနိုင်သည်။

အကယ်၍ သင် VicRoads စာမေးပွဲဖြေဆိုရန်အတွက် စကားပြန် သို့မဟုတ် အကူအညီလိုအပ်လျှင် VicRoads သုံးစွဲသူဝန်ဆောင်မှုဌာန(Customer Service Centre) တွင်ကြည့်ရန် လိုအပ်မည်ဖြစ်ပြီး သင့်အတွက် ကျွန်ုပ်တို့ ရက်ချိန်းယူပေးနိုင်သည်။

နှုတ်စကားပြောနှင့်အကြားအာရုံ ချွတ်ယွင်းမှုများ

အကယ်၍ သင့်တွင် နှုတ်စကားပြော သို့မဟုတ် အကြားအာရုံချွတ်ယွင်းမှုများရှိလျှင် သင့်စာမေးပွဲအတွက် Auslan စကားပြန်တစ်ဦးအား အသုံးပြုနိုင်သည်။

ဖုန်းဖြင့်ကျွန်ုပ်တို့အား စကားပြောဆိုရန် National Relay Service (External link) မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

  • TTY သုံးစွဲသူများ - ဖုန်း 13 36 77 ကိုဆက်ပြီးဖုန်း 13 11 71 ကိုတောင်းပါ
  • Speak and Listen သုံးစွဲသူများ - ဖုန်း 1300 555 727 ကိုဆက်ပြီးဖုန်း 13 11 71 ကိုတောင်းပါ

သင်၏ ယာဥ်မောင်းလိုင်စင်၊ ယာဥ်အမောင်းသင်လိုင်စင် (learner permit) သို့မဟုတ် စာရွက်စာတမ်းများကို ဘာသာပြန်ဆိုခြင်း

အကယ်၍ သင်၏ ယာဥ်မောင်းလိုင်စင် သို့မဟုတ် ယာဥ်အမောင်းသင်လိုင်စင် (learner permit) သည် အင်္ဂလိပ်စာဖြင့် မဟုတ်လျှင် ၎င်းတို့ကို NAATIအောင်လက်မှတ်ရဘာသာပြန်ဆိုသူ (External link) တစ်ဦးဦး သို့မဟုတ် သြစတြေးလျနိုင်ငံရှိ တရားဝင်ကောင်စစ်ဝန်ရုံးက ဘာသာပြန်ဆိုထားရမည်ဖြစ်သည်။

အခကြေးငွေများ ပေးရကောင်းပေးရနိုင်သည်။

နိုင်ငံခြား ယာဥ်မောင်းလိုင်စင်တစ်ခုကို ဘာသာပြန်ဆိုရန်အတွက် အပြည်ပြည်ဆိုင်ရာယာဥ်မောင်းလိုင်စင် တစ်ခုကိုလည်း လက်ခံနိုင်ပါသည်။

အပြည်ပြည်ဆိုင်ရာယာဥ်မောင်းလိုင်စင်ကို နိုင်ငံခြားယာဥ်မောင်းလိုင်စင် ထုတ်ပေးခဲ့သည့်နိုင်ငံမှ ထုတ်ပေးရန် လိုအပ်ပါသည်။

အောက်ပါ NAATI အောင်လက်မှတ်ရ ဘာသာပြန်ဆိုသူများကို ကျွန်ုပ်တို့အကြံပြုပါသည် -

  • Language Loop - ဖုန်း (03) 9280 0783 ကိုဆက်ပြီး ဖုန်း 13 11 71 ကိုတောင်းပါ
  • Translationz - ဖုန်း (03) 8400 0044

ကိုယ်တိုင်ဖြေရသည့် ယာဥ်အမောင်းသင်လိုင်စင် (Learner Permit) စာမေးပွဲ

အောက်ပါတို့ကို ယူဆောင်လာရန် မမေ့ပါနှင့်-

  • အထက်ပါ သင်၏ရက်ချိန်းအတည်ပြုချက်မိတ္တူ။
    ၎င်းကိုပုံနှိပ်ထုတ်နိုင်သည် သို့မဟုတ် သင့်ဖုန်းဖြင့် ပြသနိုင်သည်။
  • ဖြည့်စွက်ထားသည့် လိုင်စင်လျှောက်လွှာသို့မဟုတ်ယာဥ်မောင်းသင်လိုင်စင် (Learner Permit) လျှောက်လွှာ PDF။ (External link)
  • သင်၏မည်သူဖြစ်ကြောင်းအထောက်အထားမူရင်း။
  • ဗစ်တိုးရီးယားပြည်နယ်တွင် သင် နေထိုင်ကြောင်းအထောက်အထား။
  • အကယ်၍သင့်တွင် ဗစ်တိုးရီးယားပြည်နယ်လိပ်စာ အထောက်အထား (ဥပမာ၊ ဘဏ်ရှင်းတမ်း၊ရေမီးပြေစာသို့မဟုတ် အိမ်ငှါးစာချုပ်)မရှိလျှင် လိုင်စင်လျှောက်လွှာပုံစံရှိ ဗစ်တိုးရီးယားပြည်နယ် နေထိုင်သူကြေညာချက်ကို လက်မှတ်ထိုးပေးစေရန် သင် တစ်စုံတစ်ယောက်ကို ရယူပါ။
  • သင်၏ နိုင်ငံခြား လိုင်စင် မူရင်း
  • အကယ်၍ သင်၏နိုင်ငံခြားလိုင်စင်မှာ အင်္ဂလိပ်စာဖြင့် မဟုတ်လျှင် သင်သည် အပြည်အပြည်ဆိုင်ရာယာဥ်မောင်လိုင်စင် သို့မဟုတ် သင့်လိုင်စင်ကို NAATI အတည်ပြုထားသည့် အင်္ဂလိပ်ဘာသာပြန် (သင်၏နိုင်ငံခြားလိုင်စင်မှာ အင်္ဂလိပ်စာဖြင့်မဟုတ်မှသာ လိုအပ်သည်)
  • သင်၏ မျက်မှန် သို့မဟုတ် မျက်ကပ်မှန် (မျက်စိအမြင် စစ်ဆေးမှုကို အောင်မြင်ရန် သင် ၎င်းတို့ကို လိုအပ်မည်ဆိုလျှင်)။
  • ဆေးအစီရင်ခံစာ (External link) တစ်ခုခု (သင့်တွင် ရောဂါတစ်ခုရှိလျှင် သို့မဟုတ် ကားမောင်းရန် သင့်စွမ်းရည်ကို ထိခိုက်နိုင်သည့် ဆေးညွန်းစာဖြင့်ဝယ်ရသည့် ဆေးများ သောက်သုံးနေလျှင်)။
  • ပေးရန်လိုအပ်သည့် အခကြေးငွေ (External link)

သင့်စာမေးပွဲများအတွက် ကြိုတင်ပြင်ဆင်ပုံ

Road to solo driving handbook PDF (External link) ကိုဖတ်ပါ သို့မဟုတ် အစမ်းစာမေးပွဲဖြေရန် လေ့ကျင့်ပါ။ (External link)

သင့်ရက်ချိန်းကို အချိန်အသစ်တစ်ခုသို့ ပြောင်းပုံ

အကယ်၍ သင် သင့်ရက်ချိန်းကို အချိန်အသစ်တစ်ခုသို့ ပြောင်းရန်လိုအပ်လျှင် အခကြေးပေးရန်နှင့်တကွ ၂၄ နာရီ ကြိုတင်အကြောင်းကြားရန် လိုအပ်သည်။

ရက်ချိန်းကို ပေးပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းကို ရက်ချိန်းယူထားသူကသာ ပြောင်းနိုင်သည်။

သင့်တွင် ရောဂါတစ်ခု ရှိပါသလား။

အကယ်၍ သင် ဆေးညွှန်းစာဖြင့်ဝယ်ရသည့် ဆေးဝါးများ သောက်သုံးနေလျှင် သို့မဟုတ် ကားမောင်းရန် သင့်စွမ်းရည်ကို ထိခိုက်နိုင်သည့် ရောဂါတစ်ခုရှိလျှင် သင် ကျွန်ုပ်တို့အား ပြောပြရန်လိုအပ်ပါမည် ထို့ပြင် သက်ဆိုင်သည့် ဆေးအစီရင်ခံစာများ (External link) ကိုတင်ပြရပါမည်။

ရက်ချိန်းများအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

အားလုံးသော သုံးစွဲသူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်သာယာကောင်းမွန်ရေးကို အကာအကွယ်ပေးရန် ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်ဌာန (Customer Service Centre) တွင် တင်းကျပ်သော တစ်ကိုယ်ရေ သန့်ရှင်းစင်ကြယ်ရေး လုပ်ထုံးလုပ်နည်းများကို ချမှတ်ထားပါမည်။

အကယ်၍ နေထိုင်မကောင်းဖြစ်နေလျှင် မည်သူမျှ ရက်ချိန်းသို့မလာရောက်သင့်ပါ။

ကိုယ်တိုင်ဖြေဆိုရမည့် ဘေးအန္တရာယ်သိမြင်မှု စစ်ဆေးသည့်စာမေးပွဲ

အောက်ပါတို့ကို ယူဆောင်လာရန် မမေ့ပါနှင့်-

  • အထက်ပါ သင်၏ရက်ချိန်းအတည်ပြုချက်မိတ္တူ။
    ၎င်းကိုပုံနှိပ်ထုတ်နိုင်သည် သို့မဟုတ် သင့်ဖုန်းဖြင့် ပြသနိုင်သည်။
  • သင်၏ ယာဥ်အမောင်းသင်လိုင်စင် (learner permit) သို့မဟုတ်မည်သူဖြစ်ကြောင်းအထောက်အထား
  • သင်၏ နိုင်ငံခြား လိုင်စင် မူရင်း (ရှိလျှင်)
  • အကယ်၍ သင်၏ နိုင်ငံခြား လိုင်စင်မှာ အင်္ဂလိပ်စာဖြင့် မဟုတ်လျှင် သင်သည် အပြည်အပြည်ဆိုင်ရာ ယာဥ်မောင်း လိုင်စင် သို့မဟုတ် သင့်လိုင်စင်ကို NAATI အတည်ပြုထားသည့် အင်္ဂလိပ်ဘာသာပြန် (သင်၏ နိုင်ငံခြား လိုင်စင်မှာ အင်္ဂလိပ်စာဖြင့် မဟုတ်မှသာ လိုအပ်သည်)

သင့်စာမေးပွဲများအတွက် ကြိုတင်ပြင်ဆင်ပုံ

ကျွန်ုပ်တို့၏ ဘေးအန္တရာယ်သိမြင်မှု အစမ်းလေ့ကျင့်သည့် စာမေးပွဲ (External link)ကိုဖြေကြည့်ပါ။

သင့်ရက်ချိန်းကို အချိန်အသစ်တစ်ခုသို့ ပြောင်းပုံ

အကယ်၍ သင် သင့်ရက်ချိန်းကို အချိန်အသစ်တစ်ခုသို့ ပြောင်းရန်လိုအပ်လျှင် အခကြေးပေးရန်နှင့်တကွ ၂၄ နာရီ ကြိုတင်အကြောင်းကြားရန် လိုအပ်သည်။

ရက်ချိန်းကို ပေးပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းကို ရက်ချိန်းယူထားသူကသာ ပြောင်းနိုင်သည်။

ရက်ချိန်းများအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ

အားလုံးသော သုံးစွဲသူများနှင့်ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်သာယာကောင်းမွန်ရေးကို အကာအကွယ်ပေးရန် ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်ဌာန (Customer Service Centre) တွင် တင်းကျပ်သော တစ်ကိုယ်ရေ သန့်ရှင်းစင်ကြယ်ရေး လုပ်ထုံးလုပ်နည်းများကို ချမှတ်ထားပါမည်။

အကယ်၍ နေထိုင်မကောင်းဖြစ်နေလျှင် မည်သူမျှ ရက်ချိန်းသို့ မလာရောက်သင့်ပါ။

ယာဥ်အမောင်းစစ်ဆေးသည့် စာမေးပွဲ

အောက်ပါတို့ကိုယူဆောင်လာရန် မမေ့ပါနှင့်-

  • အထက်ပါသင်၏ရက်ချိန်းအတည်ပြုချက် မိတ္တူ။
    ၎င်းကိုပုံနှိပ်ထုတ်နိုင်သည် သို့မဟုတ် သင့်ဖုန်းဖြင့် ပြသနိုင်သည်။
  • သင်၏ မည်သူဖြစ်ကြောင်း အထောက်အထား မူရင်း။
  • သင့်တော်သည့် မော်တော်ယာဥ် (External link) တစ်စီး။
  • သင်၏ နိုင်ငံခြား လိုင်စင် မူရင်း
  • အကယ်၍ သင်၏ နိုင်ငံခြား လိုင်စင်မှာ အင်္ဂလိပ်စာဖြင့် မဟုတ်လျှင် သင်သည် အပြည်အပြည်ဆိုင်ရာယာဥ်မောင်းလိုင်စင် သို့မဟုတ် သင့်လိုင်စင်ကို NAATI အတည်ပြုထားသည့် အင်္ဂလိပ်ဘာသာပြန် (သင်၏ နိုင်ငံခြား လိုင်စင်မှာ အင်္ဂလိပ်စာဖြင့် မဟုတ်မှသာ လိုအပ်သည်)
  • သင်၏ မျက်မှန် သို့မဟုတ် မျက်ကပ်မှန် (မျက်စိအမြင် စစ်ဆေးမှုကို အောင်မြင်ရန် သင် ၎င်းတို့ကို လိုအပ်မည်ဆိုလျှင်)။
  • ပေးရန်လိုအပ်သည့် အခကြေး (External link)
  • သင် ဖြည့်စွက်ထားသည့် လော့ဂ်မှတ်တမ်းစာအုပ် သို့မဟုတ် အကယ်၍ သင်သည် အသက် ၂၁ နှစ်အောက်အရွယ်ဖြစ်လျှင် MyLeaners app (External link) တွင်သင်၏အချိန်နာရီများ ကိုဖြည့်စွက်ထားရမည်ဖြစ်သည်။

သင့်စာမေးပွဲများအတွက် ကြိုတင်ပြင်ဆင်ပုံ

ယာဥ်မောင်းစစ်ဆေးသည့်စာမေးပွဲအတွက် စစ်ဆေးရမည့်စာရင်း (External link)း ကိုဖတ်ပါ။

သင့်တွင် ရောဂါတစ်ခု ရှိပါသလား။

အကယ်၍ သင်သည် ဆေးညွှန်းစာဖြင့်ဝယ်ရသည့် ဆေးဝါးများ သောက်သုံးနေလျှင် သို့မဟုတ် ကားမောင်းရန် သင့်စွမ်းရည်ကို ထိခိုက်စေနိုင်သည့် ရောဂါတစ်ခုရှိလျှင် သင် ကျွန်ုပ်တို့အား ပြောပြပြီးသက်ဆိုင်သည့် ဆေးအစီရင်ခံစာများာ (External link)ကိုတင်ပြရန်လိုပါမည်။

ရက်ချိန်းများအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ

အားလုံးသော သုံးစွဲသူများနှင့်ဝန်ထမ်းများ၏ ကျန်းမာရေးနှင့်သာယာကောင်းမွန်ရေးကို အကာအကွယ်ပေးရန် ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်ဌာန (Customer Service Centre) တွင် တင်းကျပ်သော တစ်ကိုယ်ရေ သန့်ရှင်းစင်ကြယ်ရေး လုပ်ထုံးလုပ်နည်းများကို ချမှတ်ထားပါမည်။

အကယ်၍ နေထိုင်မကောင်းဖြစ်နေလျှင် မည်သူမျှ ရက်ချိန်းသို့ မလာရောက်သင့်ပါ။

မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား

မည်သူဖြစ်ကြောင်း စာရွက်စာတမ်း အမျိုးအစားများ

မော်တော်ယာဥ် တစ်စီးကို မှတ်ပုံတင်သည့်အခါ သို့မဟုတ် သင့် လိုင်စင်ကို ရယူသည့်အခါ သင်၏ မည်သူဖြစ်ကြောင်းအထောက်အထားကို တင်ပြရန် လိုအပ်နိုင်သည်။

သင် မည်သူဖြစ်ကြောင်း အတည်ပြုပေးရန်အတွက် သင် သုံးစွဲသူ ဝန်ဆောင်ဌာန (Customer Service Centre) သို့ ကိုယ်တိုင် သွားရောက်ရမည်ဖြစ်သည်။

ထိုက်သင့်သော စာရွက်စာတမ်းများ မရှိဘဲ သင်သည် သင့်လျှောက်လွှာကို ဖြည့်စွက်နိုင်လိမ့်မည် မဟုတ်ပါ။

မည်သည့် မည်သူဖြစ်ကြောင်း စာရွက်စာတမ်းများကို ကျွန်ုပ် လိုအပ်ပါသလဲ။

မည်သည့်လျှောက်လွှာအတွက်မဆို အများဆုံး သင် တင်ပြရန် လိုအပ်မည်မှာ-

  • အမျိုးအစား A အထောက်အထား စာရွက်စာတမ်း တစ်ခု (လျှောက်ထားသူနှင့် မည်သူဖြစ်ကြောင်း သက်သေခံအကြား အထောက်အထား တည်ရှိနေမှုနှင့် အချိတ်အဆက်၊ ဥပမာ- နိုင်ငံကူးလက်မှတ် သို့မဟုတ် သြစတြေးလျန်း မွေးစာရင်း အပြည့်အစုံ – မူရင်းများ၊ ဓါတ်ပုံမိတ္တူ သို့မဟုတ် အတည်ပြုထားသော မိတ္တူများ မဟုတ်)
  • အမျိုးအစား B အထောက်အထား စာရွက်စာတမ်း (လူထုအတွင်း၌ အဆိုပါ မည်သူဖြစ်ကြောင်း သက်သေခံကို သုံးစွဲခြင်း၏ အထောက်အထား ဥပမာ- Medicare သို့မဟုတ် ဘဏ်ကတ်ပြား)
  • ဗစ်တိုးရီးယားပြည်နယ်တွင် နေထိုင်ကြောင်း အထောက်အထား (အကယ်၍ သင့်လိပ်စာကို အမျိုးအစား A သို့မဟုတ် အမျိုးအစား B စာရွက်စာတမ်းများတွင် မဖော်ပြထားလျှင်)
  • နာမည်ပြောင်းထားသည့် အထောက်အထား (အကယ်၍ သင့်နာမည်မှာ အမျိုးအစား A နှင့် အမျိုးအစား B စာရွက်စာတမ်းများတွင် ကွဲပြားနေလျှင်)။

မှားယွင်းသော နှင့်/သို့မဟုတ် အထင်မှားစေသော အချက်အလက်များ သို့မဟုတ် စာရွက်စာတမ်းများကို တင်ပြခြင်းသည် Road Safety Act 1986 အက်ဥပဒေအရ နှင့်/သို့မဟုတ် Marine Safety Act 2010 အက်ဥပဒေအရ ကြီးလေးသော ပြစ်မှုတစ်ခုဖြစ်ပြီး သင့်အနေဖြင့် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ကျခံရနိုင်သည်။

အဆိုပါ အချက်အလက်/စာရွက်စာတမ်းများကို သင် တင်ပြခြင်းကြောင့် ပေးခဲ့သည့် ခွင့်ပြုချက် သို့မဟုတ် အတည်ပြုချက် တစ်ခုတစ်ရာကို ရုပ်သိမ်းနိုင်ပြီး မည်သည့် သက်ရောက်မှုမျှ မရှိပါ။

လက်ခံသည့်မည်သူဖြစ်ကြောင်း သက်သေခံ စာရွက်စာတမ်းများ

အမျိုးအစား A နှင့်အမျိုးအစား B စာရွက်စာတမ်းများပါရှိသည့် သင်၏နာမည်သည် သင်၏မိသားစုနာမည်နှင့် ပထမနာမည်အပြည့်အစုံဖော်ပြပါရှိရမည့်အပြင် အစဥ်လိုက်အတူတူဖြစ်ရန် လိုအပ်သည်။

  • အကယ်၍ သင့်တွင် ပထမနာမည် (မှည့်ခေါ်နာမည်) တစ်လုံးထက် ပို၍ရှိလျှင် အဆိုပါ ပထမနာမည်သည် စာရွက်စာတမ်း နှစ်ခုလုံးတွင် ပါရှိရမည်ဖြစ်သည်။ 
  • အကယ်၍ သင့်တွင် မိသားစုနာမည် (နောက်ဆုံးနာမည်) တစ်လုံးထက် ပို၍ရှိလျှင် နာမည်အားလုံးသည် စာရွက်စာတမ်း နှစ်ခုလုံးတွင် ပါရှိရမည်ဖြစ်သည်။ 

အခြား လူတစ်ဦး သို့မဟုတ် ကုမ္ပဏီတစ်ခု ကိုယ်စား လုပ်ဆောင်ပေးခြင်း

အမျိုးအစား A စာရွက်စာတမ်းများ

အမျိုးအစား A စာရွက်စာတမ်းများတွင် သင်၏ မိသားစုနာမည်၊ ပထမနာမည်နှင့် သင်၏ မွေးသက္ကရာဇ်တို့ကို ပြသထားရန် လိုအပ်သည်။

အဆိုပါ စာရွက်စာတမ်းများမှာ လက်ရှိ သက်တမ်းရှိရန် လိုအပ်သည် သို့မဟုတ် ကုန်ဆုံးပြီး သက်တမ်းနှစ်နှစ်ထက် မကျော်နေစေရန် လိုအပ်သည်။

လက်ခံနိုင်သော အမျိုးအစား A စာရွက်စာတမ်းများ

  • ဓါတ်ပုံပါရှိသည့် သြစတြေးလျန်း ယာဥ်မောင်းလိုင်စင် သို့မဟုတ် ဓါတ်ပုံပါရှိသည့် ယာဥ်အမောင်းသင်လိုင်စင် (learner permit) ကတ်ပြား။
  • ဓါတ်ပုံပါရှိသည့် ဗစ်တိုးရီးယားပြည်နယ် ရေကြောင်း လိုင်စင် ကတ်ပြား။
  • ဓါတ်ပုံပါရှိသည့် ဗစ်တိုးရီးယားပြည်နယ် သေနတ် လိုင်စင် ကတ်ပြား။
  • ဓါတ်ပုံပါရှိသည့်ဗစ်တိုးရီးယားပြည်နယ်လုံခြုံရေး တပ်သား/လူအုပ်စုထိန်းချုပ်သူ ကတ်ပြား
  • သြစတြေးလျန်း နိုင်ငံကူးလက်မှတ်
  • နိုင်ငံခြား နိုင်ငံကူးလက်မှတ် (အကယ်၍ နှစ်နှစ်ထက်ကျော်လွန်ပြီး သက်တမ်းကုန်ဆုံးနေလျှင် လက်ရှိသက်တမ်းရှိသည့် သြစတြေးလျန်း ဗီဇာပါရှိက လက်ခံနိုင်သည်)။
  • Passport Office မှ ထုတ်ပေးထားသည့် မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ်။
  • Passport Office မှ ထုတ်ပေးထားသည့် နိုင်ငံသား-မဟုတ်သူ ခရီးသွား လက်မှတ်။
  • Passport Office မှ ထုတ်ပေးထားသည့် မည်သူဖြစ်ကြောင်း သက်သေခံ စာရွက်စာတမ်း (သာမန်အားဖြင့် နော်ဖော့ကျွန်းသို့ သွားသည့် ခရီးသည်များကို ထုတ်ပေးသည်)။
  • ဓါတ်ပုံပါ သြစတြေးလျန်း ရဲတပ်ဖွဲ့ ရဲအရာရှိ သက်သေခံကတ်ပြား
  • Department of Foreign Affairs and Trade မှ ထုတ်ပေးထားသည့် ဓါတ်ပုံပါရှိသည့် သံတမန် သက်သေခံ ကတ်ပြား။
  • ဖွား၊ သေနှင့် ထိမ်းမြား မှတ်ပုံတင်ရုံး (Registry of Births, Deaths and Marriages) မှ ထုတ်ပေးထားသည့် သြစတြေးလျန်း မွေးစာရင်း အပြည့်အစုံ (မှတ်ချက်- မွေးစာရင်း ကောက်နုတ်ချက်နှင့် အထိမ်းအမှတ်အဖြစ်လုပ်ထားသည့် မွေးစာရင်းတို့ကို လက်မခံပါ)။
  • သြစတြေးလျနိုင်ငံ နိုင်ငံသားပြုခွင့်ရသူ လက်မှတ် သို့မဟုတ် နိုင်ငံသား လက်မှတ် သို့မဟုတ် သြစတြေးလျနိုင်ငံသို့ ခရီးထွက်လာရန်အတွက် ခရီးသွားလက်မှတ် သို့မဟုတ် Department of Immigration and Citizenship သို့မဟုတ် Passport Office မှ ထုတ်ပေးထားသည့် ImmiCard (သက်တမ်းကုန်ဆုံးပြီး ၂ နှစ်အထိ )။
  • NSW ဓါတ်ပုံကတ်ပြား (၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ NSW RMS မှ နောက်ပိုင်း ထုတ်ပေးထားသည်)။
  • မွေးစာရင်း ကတ်ပြား Birth card (၂၀၀၈ ခုနှစ် သြဂုတ်လ မတိုင်မီ NSW RMS မှ ထုတ်ပေးထားသည်)။
  • ကျေးဇူးပြု၍ သတိပြုပါ- မှားယွင်းသော နှင့်/သို့မဟုတ် အထင်မှားစေသော အချက်အလက် သို့မဟုတ် စာရွက်စာတမ်းများ တင်ပြခြင်းသည် Road Safety Act 1986 အက်ဥပဒေအရ နှင့်/သို့မဟုတ် Marine Safety Act 2010 အက်ဥပဒေအရ ကြီးလေးသော ပြစ်မှုတစ်ခုဖြစ်ပြီး ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ကျခံရနိုင်သည်။
    အဆိုပါ အချက်အလက်/စာရွက်စာတမ်းကြောင့် ပေးထားပြီးဖြစ်သည့် ခွင့်ပြုချက် သို့မဟုတ် အတည်ပြုချက် တစ်စုံတစ်ရာကို ပြန်လည်ရုပ်သိမ်းနိုင်ပြီး မည်သည့် သက်ရောက်မှုမျှ မရှိပါ။

အမျိုးအစား B စာရွက်စာတမ်းများ

သက်တမ်းရှိနေသည့် အောက်ပါ စာရွက်စာတမ်းများအနက် တစ်ခု။

  • ပြည်နယ် သို့မဟုတ် ပြည်ထောင်စု အစိုးရ ဝန်ထမ်း ဓါတ်ပုံပါ သက်သေခံ ကတ်ပြား။
  • Medicare ကတ်ပြား။
  • Department of Veterans Affairs ကတ်ပြား။
  • Pensioner Concession ကတ်ပြား။
  • Commonwealth က ထုတ်ပေးထားသည့် သက်တမ်းရှိနေသော အကျိုးခံစားခွင့် ကတ်ပြား။
  • ကျောင်းသား သက်သေခံ ကတ်ပြား။
  • သြစတြေးလျန်း သို့မဟုတ် နိုင်ငံခြား ကရက်ဒစ် (အကြွေးဝယ်) ကတ်ပြား သို့မဟုတ် ဘဏ်၊ ဆောက်လုပ်ရေး အသင်းအဖွဲ့ သို့မဟုတ် ကရက်ဒစ် ယူနီယံတို့မှ ထုတ်ပေးသည့် ငွေစာရင်းကတ်ပြား။
  • ကလေးများနှင့်လုပ်ကိုင်သည့် ခွင့်ပြုလက်မှတ် (Working with Children Check) ကတ်ပြား။
  • သြစတြေးလျန်း အသက် အထောက်အထား သက်သေခံကတ်ပြား။
  • သြစတြေးလျန်း Keypass ကတ်ပြား။
  • Australian Defence Force ဓါတ်ပုံပါ သက်သေခံ ကတ်ပြား (အရပ်သား ဝန်ထမ်း မပါ)။

သို့မဟုတ်

  • တစ်နှစ် သက်တမ်းထက် မကျော်လွန်သည့် အောက်ပါစာရွက်စာတမ်းများအနက် တစ်ခု (အီလက်ထရောနစ် ကိရိယာ (ဥပမာ-မိုဘိုင်းဖုန်း သို့မဟုတ် တက်ပလက်) နှင့်ပုံနှိပ်ထုတ်ထားသည့် အင်တာနက် ရှင်းတမ်းများကို လက်ခံသည်)-
  • အဖွဲ့အစည်းများ၏ စာရွက်ထိပ် စာခေါင်းစည်း သို့မဟုတ် တံဆိပ်ခေါင်း ပြသထားသော ငွေစုစာအုပ် သို့မဟုတ် ဘဏ်စာရင်း ရှင်းတမ်း
  • အဖွဲ့အစည်းများ၏ စာရွက်ထိပ် စာခေါင်းစည်း သို့မဟုတ် တံဆိပ်ခေါင်း ပြသထားသော တယ်လီဖုန်း၊ ဓါတ်ငွေ့ သို့မဟုတ် လျှပ်စစ် ငွေတောင်းခံလွှာ
  • အဖွဲ့အစည်းများ၏စာရွက်ထိပ် စာခေါင်းစည်း သို့မဟုတ် တံဆိပ်ခေါင်း ပြသထားသော ATO, Centrelink, ဘဏ်နှင့် Medicare တို့မှ စာများ။

သို့မဟုတ်

  • နှစ်နှစ် သက်တမ်းထက် မကျော်လွန်သည့် အောက်ပါ စာရွက်စာတမ်းများအနက် တစ်ခု-
  • ရေခွန်၊ ကောင်စီခွန် (council rates) သို့မဟုတ် မြေတန်ဖိုးအကဲဖြတ် အကြောင်းကြားစာ
  • ဆန္ဒမဲ မှတ်ပုံတင် ကတ်ပြား သို့မဟုတ် အခြား မှတ်ပုံတင် အထောက်အထား
  • စစ်တပ်ထွက် စာရွက်စာတမ်းများ
  • သက်တမ်းလက်ရှိဖြစ်သော Victorian Driving Authority ဓါတ်ပုံပါ သက်သေခံ ကတ်ပြား။

အမျိုးအစား C စာရွက်စာတမ်းများ - လိပ်စာပြောင်း

  • အကယ်၍ သင်၏ ဗစ်တိုးရီးယားပြည်နယ် နေထိုင်ရာလိပ်စာမှာ အမျိုးအစား A သို့မဟုတ် အမျိုးအစား B အထောက်အထား စာရွက်စာတမ်းများတွင် မပါရှိလျှင် သို့မဟုတ် ကွဲပြားနေလျှင် အောက်ပါ စာရွက်စာတမ်းများအနက် တစ်ခုကို သင် လိုအပ်ပါမည် -
  • သင့် လက်ရှိလိပ်စာ ဖော်ပြထားသည့် အရောင်းစာချုပ်၊ အိမ်ငှါးစာချုပ် သို့မဟုတ် အိမ်ငှါးစာရွက်စာတမ်းများ
  • ကားမောင်း လိုင်စင် သို့မဟုတ် မော်တော်ယာဥ် မှတ်ပုံတင်အတွက် လက်ရှိ သက်တမ်းအသစ်တိုးမည့် အကြောင်းကြားစာ
  • Australian Taxation Office Assessment (ယခင် သို့မဟုတ် လက်ရှိ ဘဏ္ဍာရေးနှစ်)
  • သင်၏ လက်ရှိလိပ်စာကို ဖော်ပြထားသည့် အမျိုးအစား A အခြားတစ်ခု သို့မဟုတ် အမျိုးအစား B အခြားတစ်ခု။
  • အကယ်၍ သင် သင်၏ ဗစ်တိုးရီးယားပြည်နယ် နေထိုင်ရာလိပ်စာ အထောက်အထားကို မတင်ပြနိုင်သေးလျှင် သင် ထောက်ခံသူ ထွက်ဆိုချက်ကို တင်ပြရမည်၊ ၎င်းထွက်ဆိုချက်တွင်-
  • သင့်အား ၁၂ လ သို့မဟုတ် ပို၍ သိရှိခဲသည့် ဗစ်တိုးရီးယားပြည်နယ် ယာဥ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူက လက်မှတ်ထိုးထားရမည်၊ ထောက်ခံသူ၏ နာမည်၊ လိုင်စင်နံပါတ်နှင့် ထိုးမြဲလက်မှတ် ပါရှိရမည်ဖြစ်သည်။
    ဤထွက်ဆိုချက်ကိုယာဥ်အမောင်းသင် လိုင်စင် (learner permit) လျှောက်လွှာ ပုံစံ သို့မဟုတ် လိုင်စင် လျှောက်လွှာ ပုံစံပေါ်တွင် ရေးသားနိုင်ပါသည်။

အမျိုးအစား D စာရွက်စာတမ်းများ - နာမည်ပြောင်း

အကယ်၍ သင့်နာမည်မှာ အမျိုးအစား A နှင့် အမျိုးအစား B အထောက်အထား စာရွက်စာတမ်းများပေါ်တွင် ကွဲပြားနေလျှင် အောက်ပါ စာရွက်စာတမ်းများအနက် တစ်ခုကို သင် လိုအပ်ပါမည်။

  • သြစတြေးလျနိုင်ငံရှိ ဖွား၊ သေနှင့် ထိမ်းမြား မှတ်ပုံတင်ရုံး (Registrar of Births, Deaths and Marriages) က ထုတ်ပေးသည့် ထိမ်မြားလက်ထပ်လက်မှတ်။
  • ကွာရှင်း စာချုပ်စာရွက်စာတမ်းများ (နာမည် ပြန်လည်ပြောင်းထားသည်ကို ပြသထားသည့်)။
  • Deed Poll (ဗစ်တိုးရီးယားပြည်နယ်တွင် ၁၉၈၆ ခုနှစ် နိုဝင်ဘာလ မတိုင်မီ ထုတ်ပေးထားသည်)။
  • နာမည်ပြောင်း လက်မှတ် (Change of name Certificate) (ဗစ်တိုးရီးယားပြည်နယ်တွင် ၁၉၈၆ ခုနှစ် နိုဝင်ဘာလ နှင့် နောက်ပိုင်း ထုတ်ပေးထားသည်)။

ကုမ္ပဏီတစ်ခုအတွက် သက်သေခံ စာရွက်စာတမ်းများ

အကယ်၍ ကုမ္ပဏီတစ်ခုအတွက် မော်တော်ယာဥ် တစ်စီးကို မှတ်ပုံတင်ရန် (to be registered) ဖြစ်လျှင် အောက်ပါတို့အနက် တစ်ခုလိုအပ်သည်-

  • သြစတြေးလျန်း ကုမ္ပဏီ နံပါတ် (Australian Company Number (ACN))
    • သြစတြေးလျန်း ကုမ္ပဏီတိုင်းသည် မှတ်ပုံတင်သည့်အခါ (When it is registered) သြစတြေးလျန်း ကုမ္ပဏီ နံပါတ် (Australian Company Number) ဟု သိရှိကြသော သတ်မှတ်ပေးထားသည့် သီးသီးခြားခြား ဂဏန်း ကိုးလုံးကို ရရှိပါသည်။
      အဆိုပါ နံပါတ်မှာ ကုမ္ပဏီ* က သို့မဟုတ် ကုမ္ပဏီ၏ကိုယ်စား ထုတ်ပေးသည့်၊ လက်မှတ်ထိုးထားသည့် သို့မဟုတ် ထုတ်ပြန်ထားသည့် အများပြည်သူ စာရွက်စာတမ်းတိုင်းပေါ်တွင် ပါရှိရမည်ဖြစ်သည်၊ သို့မဟုတ်
  • မှတ်ပုံတင် လက်မှတ် (Certificate of Registration)
    • ACN အပြင် ASIC တို့ကလည်း မှတ်ပုံတင်ထားသည့် (registered) ကုမ္ပဏီတိုင်းကို မှတ်ပုံတင် လက်မှတ် (Certificate of Registration) ကိုထုတ်ပေးပါသည် သို့မဟုတ်
  • ACN အပြင် ASIC တို့ကလည်း မှတ်ပုံတင်ထားသည့် (registered) ကုမ္ပဏီတိုင်းကို မှတ်ပုံတင် လက်မှတ် (Certificate of Registration) ကိုထုတ်ပေးပါသည် သို့မဟုတ်

* သြစတြေးလျန်း စီးပွားလုပ်ငန်း နံပါတ် (Australian Business Number (ABN)) သည် ACN နှင့် ခြားနားပါသည်။

ABN သည် Australian Taxation Office နှင့် အခြားသော အစိုးရအေဂျင်စီရုံးများနှင့် စီးပွားလုပ်ငန်းဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများတွင်အသုံးပြုရန် သီးသီးခြားခြား ဂဏန်း ဆယ့်တစ်လုံးပါရှိသည့် နံပါတ်ဖြစ်ပါသည်။

သြစတြေးလျနိုင်ငံရှိ စီးပွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေလျက်ရှိသော မှတ်ပုံတင်ထားသည့် (Registered) ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများသည် ABN ကိုလျှောက်ထားနိုင်သည်။

သတိပြုရန်- သြစတြေးလျန်း စီးပွားလုပ်ငန်း နံပါတ်များ (Australian Business Numbers (ABNs)) ကို အဖွဲ့အစည်းမှာ မှတ်ပုံတင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်ဟု လက်မခံနိုင်ပါ။

ကုမ္ပဏီကိုယ်စား လုပ်ဆောင်ရန်

သင် တင်ပြရမည်မှာ-

  • အမျိုးအစား A သို့မဟုတ် B မည်သူဖြစ်ကြောင်းသက်သေခံ အထောက်အထား စာရွက်စာတမ်း
  • ကုမ္ပဏီ ညွှန်ကြားရေးမှူးထံမှ ခွင့်ပြုစာ မူရင်း သို့မဟုတ် စာရွက်ထိပ်ပိုင်း ခေါင်းစည်းပါရှိသည့် မှတ်ပုံတင်ဖွဲ့စည်းထားသည့် ကုမ္ပဏီစာ မူရင်း
    ၎င်းတွင် အောက်ပါ သတင်းအချက်အလက် ပါရှိသင့်သည်-
  • စာရွက်ထိပ်ပိုင်း ခေါင်းစည်းတွင် ကုမ္ပဏီ အမည်နှင့် လိပ်စာ အပြည့်အစုံ
  • သြစတြေးလျန်း ကုမ္ပဏီ နံပါတ် (Australian Company Number (ACN)) သို့မဟုတ် မှတ်ပုံတင်ဖွဲ့စည်းထားကြောင်း လက်မှတ် (Certificate Of Incorporation)
  • ကုမ္ပဏီကိုယ်စား ဆောင်ရွက်ပေးသူ၏ အမည်
  • ကုမ္ပဏီကိုယ်စား လုပ်ဆောင်ပေးနိုင်သည့် ဆောင်ရွက်ချက်များ စာရင်း (ဥပမာ၊ မှတ်ပုံတင် သက်တမ်းအသစ်လုပ်ခြင်း)
  • အကယ်၍ ကုမ္ပဏီတွင် စာရွက်ထိပ်ပိုင်း ခေါင်းစည်း မရှိလျှင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန် ခွင့်ပြုချက် (Authority to Act as an Agent form (PDF 253 kb)) (External link) ကို လက်ခံနိုင်ပါသည်။

အောက်ပါလုပ်ဆောင်ချက်များကို တစ်စုံတစ်ယောက်ယောက်ကိုယ်စား လုပ်ဆောင်ပေး၍ မရနိုင်ပါ -

  • စာမေးပွဲဖြေဆိုပေးခြင်း
  • အလုပ်နေ့စဉ်မှတ်တမ်းဝယ်ယူပေးခြင်း
  • ဓါတ်ပုံအရိုက်ခံပေးခြင်းတို့ဖြစ်သည်။

Was this page helpful?

 

Please tell us why (but don't leave your personal details here - message us if you need help or have questions).